အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

အမ်း ဒီဇင်ဘာ ၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိ ပညာပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီ အချိန်က လေယာဉ်ကွင်းရပ်ကွက် လမ်းဆုံလမ်းမတွင် ပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉အသိပညာပေးဆောင်ရွက်ရာတွ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းအဖွဲ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ ရောင်းချလျက်ရှိသည့် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ လာရောက်ဝယ်ယူသည့် ဒေသခံပြည်သူများ၊ မြို့တွင်းသွားလာလှုပ်ရှားနေကြသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူး စက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာ​ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန် နေအိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် မပျက်မကွက် ထိုးနှံကြရန် စသည်တို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း Mask (၁၀၀၀) ခု အားအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)