မလှိုင် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်သမဝါယမအသင်းစုမှ မိမိတို့မြို့အတွင်း တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း(အမြဲတန်း)များအတွက် ချေးငွေများထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အသင်းစုရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြိူ့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများအတွက် ငွေကျေးအခက်အခဲရှိသူများအနေဖြင့် အဆင်ပြေစေရန် ရည်ရွယ်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း၊ မိမိတို့ဆန္ဒရှိမှသာ ချေးငွေလျှောက်ထား ချေးယူနိုင်ကြောင်း၊ ချေးငွေလျှေက်ထားရယူသူများအနေဖြင့်လည်း လစဉ်ပေး ဆပ်ရမည့်အရစ်ကျငွေကို သတ်မှတ်ကာလတွင်အပြေအကြေ ပြန်လည်ပေးသွင်းသွားရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းကိုက ချေးငွေထုတ်ချေးပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါ ယမ အသင်းစု ဉက္ကဋ္ဌ ဦးကျော်ခွေးက အသင်းသားအဖြစ် ပါဝင်နိုင်ရေးနှင့် အစုရှယ်ယာထည့်ဝင်ထားသူများ အနေဖြင့် စုဆောင်းငွေအပေါ် တစ်လလျှင် အတိုး(၁)ရာခိုင်နှုန်း ပေးသွားမည်ဖြစ်ကြောင်း၊ စုဆောင်းငွေပေါ် အတိုးများကို ဘဏ္ဍာရေးနှစ်အတွင်း(၆)လတစ်ကြိမ်တွက် ချက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့သည်။
ချေးငွေရယူလျှောက်ထားလိုသူများအနေဖြင့် အသင်းသားအဖြစ်ပါဝင်နိုင်ရန် (အသင်းဝင်ကြေး) အစုရှယ်ယာ (၁ဝဝဝဝ)ကျပ် ထည့်ဝင်ရမည်ဖြစ်ပြီး လစဉ်စုဆောင်းငွေ(၅ဝဝဝ)ကျပ် ကိုစုဆောင်းရ မည်ဖြစ်သည်။ သာမန်ချေးငွေအား စုဆောင်းငွေနှင့် အစုရှယ်ယာငွေ၏(၃)ဆ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး သာမန်ချေးငွေအပေါ် တစ်လလျှင်(၁.၅)ရာခိုင်နှုန်း အတိုးကောက်ခံသွားမည်ဖြစ်သည်။ ချေးငွေကာလမှာ (၁ဝ)လအရစ်ကျ ဆပ်စနစ်ဖြစ်ပြီး ငွေကျပ်(၃)သိန်းစတင်ထုတ်ချေးပေးသွားမည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)