လူထုအခြေပြုဗဟိုဌာန၌ ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အညီအကျိုးခံစားခွင့်များအကြောင်း အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ကသာ ဒီဇင်ဘာ ၈

ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁၂နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ကသာမြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဦးကျော်သူလင်းက ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် နည်းဥပဒေများပါ လူမှုဖူလုံရေးစီမံကိန်းအကြောင်း သိကောင်းစရာများ၊ အလုပ်ဌာနနှင့် အလုပ်သမားမှတ်ပုံတင်ခြင်းအကြောင်း၊ မှတ်ပုံတင်ကာလနှင့် ထည့်ဝင်ကြေးကာလအပေါ် မူတည်၍ ရရှိနိုင်သည့် အကျိုးခံစားခွင့်များ၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်များအကြောင်းတို့ကို Power Point များဖြင့် ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများမှ သိရှိလိုသည်များကို မေးမြန်းကြရာ ကသာမြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဦးကျော်သူလင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်စုလှိုင်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(ကသာ)