အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ( Myancopharm) အား အပိုထပ်ဆောင်ထိုးနှံပေး

အိမ်မဲ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အ.ထ.က (၁) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (Myancopharm)အား အပိုထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာ၌ အိမ်မဲမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အ.ထ.က (၁)ကျောင်းမှ အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၆၆၃)ဦးအား အပိုထပ်ဆောင်းအနေဖြင့် (Myancopharm) အား ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး နာရီဝက်ခန့် စောင့်ကြည့်ပြီးမှ ဆေးထိုးစုရပ်က ထွက်ခွာစေခဲ့သည်။ ယမန်နေ့ကလည်း ကိုဗစ် ကာကွယ်ဆေးကို အပိုထပ်ဆောင်းအနေဖြင့် အ.ထ.က (၂) ကျောင်းမှ အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၃၅၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အပိုထပ်ဆောင်းအနေဖြင့် ထိုးနှံပြီးသောကျောင်းသား၊ ကျောင်းသူများသည် ဆေးထိုးပြီး (၆)လပြည့်သောနေ့တွင် အပိုထပ်ဆောင်းဒုတိယအနေဖြင့် ထပ်မံထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)