ကသာ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပညာရေးဒီဂရီကောလိပ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ပညာရေးဒီဂရီကောလိပ် အစည်းအဝေးခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောတွင် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်ဥပဒေအရာရှိ ဦးတူးခေါင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်သည့် ထုတ်ပြန်ထားသည့် ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းကိုလည်းကောင်း၊ ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက ကလေးသူငယ်အခွင့်ရေး ဆိုင်ရာများအကြောင်းသိကောင်းစရာများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ ၎င်းတို့ဌာနအနေဖြင့် ဆောင်ရွက်ပေးနေသည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဆရာ/ဆရာမများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးရှင်းလင်းပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)