စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) ကျောင်းခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့်   အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းတို့ ပူးပေါင်းပြီး စားသုံးသူ အခွင့်အရေးများ သိရှိနားလည်သဘောပေါက်ပြီး စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန် ရည်ရွယ်၍ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲပိုင်းက အဆိုပါ  အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းရှိ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)မှ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင် က မိတ်ဆက်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အနက်အဓိပ္ပာယ်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူရဲ့ တာဝန် (၄)ချက်တို့ကို ပရိုဂျက်တာများဖြင့် ပြသ၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာကြသည့် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၈၇)ဦး၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)