ရွှေဘို ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မံစီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားရာ မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများပိုမိုရရှိစေရေးအတွက် ကလေးသူငယ်ဆိုင်ရာဥပဒေများ ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ရွှေဘိုမြို့နယ်ကလေးသူငယ်ဆိုင်ရာ ကော်မတီဝင်များအနေဖြင့် ကလေးသူငယ်အခွင့်အရေးနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ၊ ပြစ်ဒဏ်များကို ဒေသခံပြည်သူများ ကလေးသူငယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး အသိပညာပေးဆောင်ရွက်ကြရန်နှင့် ကလေးအလုပ်သမားများ တဖြေးဖြေးလျော့နည်းပပျောက်ရေး ဝိုင်းဝန်းလက်တွဲပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူမှု့ဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းအုပ်ဆရာမကြီးဒေါ်ခိုင်ခိုင်ထွေးက လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လုပ်ငန်းကြီး(၇)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူ့အခွင့်အရေးအဓိပ္ပါယ် လူ့အခွင့်အရေးတွင် ပါဝင်သည့် အချက်များ၊ ကလေး၏အဓ္ဓိပါယ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်မှ သိသင့်သိထိုက်သည့် အခွင့်အရေးများ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးများအတွက် ဆောင်ရွက်ပေးသည့်လုပ်ငန်းများ ထောက်ပံ့ပေးနေမှုများ၊ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့်ဥပဒေ၊ နည်းဥပဒေများစသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး၊ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက နိဂုံးချုပ်အနေဖြင့် မြို့အဆင့်နှင့်လျှော်ညီသည့် မူကြိုကျောင်းအဆင့်မြှင့်တင်နိုင်ရေး၊ ဌာနပိုင်မြေဂရန်အမြန်ရရှိရေး အလေးထားဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)