Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကန့်ဘလူမြို့တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Dec 09,2022
ပြည်သူများအနေဖြင့် နေ့စဉ်လူနေမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာရောင်းချ ပေးခြင်းကို ဒီဇင်လာ ၉ ရက်နံနက် ၇ နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကျင်းပ
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.ကသဲကုန်း၌ ကလေးသူငယ်အကြမ်းဖက်မှုနှင့် လူကယ်ကူးမှုအန္တရာယ်တိုက်ဖျက်ရေးဟောပြောပွဲ ကျင်းပ
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကလေးသူငယ် အကြမ်းဖက်မှုနှင့်လူကယ်ကူးမှုအန္တရာယ် တိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန် ကျောင်းသဲကုန်း သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကျင်းပ
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာမခင်စောတင့်ရေးသားသော “ဘဝအသစ်ရဲ့အစများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့တွင် နွေစပါးစိုက်ပျိုးမှုအကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် နိုင်ငံစီးပွားရေးမြှင့်တင်ရေး ၂၀၂၂-၂၀၂၃ နွေစပါးစိုက်ပျိုးမှု ကုမ္ပဏီနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရေကန်ကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 09,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေဒေသခံပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင် ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူ များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကျောက်ဖြူမြို့မစည်ပင်သာယာဈေးကြီးနှင့် နာရီစင်ရှေ့လမ်းဆုံနေရာတို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စာဖတ်စာငှား ကျောင်းသားကျောင်းသူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များအား အခမဲ့စနစ်တကျငှားရမ်းပေး
Dec 09,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူလူငယ်လေးများအား ပညာရေးကျန်းမာရေး စီးပွားရေးလူမှုရေးနှင့် အခြားသောထွေထွေဗဟုသုတများ ရရှိတိုး ပွားလာစေရေးသိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံ ပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက်ကျေးလက်စာကြည့်တိုက်များဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား စနစ်တကျငှားရမ်းပေး လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့တွင် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေးဆောင်ရွက်
Dec 09,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေးအသိပညာ ပေးခြင်းများကို စဉ်စက်မပျက် ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီမှ ၉ နာရီအထိ မုံရွာမြို့ ရန်ကင်းရပ်ကွက် ကျောက္ကာလမ်း ပေါ်၌ သွားလာသော ပြည်သူများအတွက် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14445
Page
14446
Page
14447
Page
14448
Current page
14449
Page
14450
Page
14451
Page
14452
Page
14453
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department