ကန့်ဘလူမြို့တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကန့်ဘလူ ဒီဇင်ဘာ   

ပြည်သူများအနေဖြင့် နေ့စဉ်လူနေမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာရောင်းချ ပေးခြင်းကို ဒီဇင်လာ ရက်နံနက် နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့်ပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခေတ္တမြို့နယ်ရဲမှူး မိုးမိုးနှင့်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်တို့၏ ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီ၊ ငါးခြောက်နှင့် ကြက်ဥ တို့ကို ရောင်းချပေးခဲ့ကြောင်းသိရသည်။

အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် အိမ်ထောင်စု တစ်စုလျှင် ဆန် တစ်ပြည်၊ ဆီ ၁၀ ကျပ်သား၊ ငါးခြောက် ၁၀ ကျပ်သားနှင့်ကြက်ဥ ငါးလုံး စသည့်ပစ္စည်းလေးမျိုးတို့ကို ၃၀၀၀ ကျပ်ဖြင့် စျေးနှုန်း သက်သာစွာ ရောင်းချပေးခြင်းဖြစ်ကြာင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)