Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒိုက်ဦးမြို့နယ်၌ အသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ် ၈ ဒရယ်မီးရပ်ကွက် အလက(ခွဲ)ကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်
Dec 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာတိုးတက်ကောင်းမွန်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ကာယ ဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် (၁ဝ) နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းရှိ သင်တန်းသူများအား အသိပညာပေးဟောပြော
Dec 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သင်တန်းသူများအား စက်ချုပ်ပညာများအပြင် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၉ နာရီက ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်၊ အထက(၄)တွင် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု၊ ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှု (GBV)အသိပညာပေးဟောပြော ပွဲ…
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက် တာလှုပ်ရှားမှု၊ ကျား/မ ရေးရာ အခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေးအစီအစဉ်အဖြစ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ တစ်နာရီက မန္တလေး၊အောင်မြေသာစံမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်း ကျောင်း(အမျိုးသမီးကျောင်း)၊ နဝဒေးခန်းမတွင်ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းနှင့်အဖွဲ့ဝင်များ၊ အောင်မြေသာစံခရိုင် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုး၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ခိုင်နှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူသန်း နှင့်ဆရာမများ၊ ကျောင်းသူ များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်းကုန်းကျေးရွာ ရိုးရာအိုးလုပ်ငန်း စတင်လုပ်ကိုင်နေ
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာတွင် ခေတ်အဆက်ဆက်လုပ်ကိုင်သည့် ရိုးရာအိုးလုပ်ငန်းပြန်လည်စတင်လုပ်ကိုင်နေပြီဖြစ်ကာအိုးအမျိုးမျိုးစတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း တောင်ကုန်းကျေးရွာ အိုးလုပ်ငန်းရှင် ဦးနေလင်းကပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ…
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ယမန်နေ့နံနက် ၁၀နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်တွင် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာဟောပြော လက်တွေ့သရုပ်ပြအသိပညာပေး
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အခြေခံကျန်း မာရေးအသိပညာများ တိုးပွားလာစေရေးနှင့် ရှေးဦးပြုစုခြင်းများကို သိရှိနားလည်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အန္တရာယ်ကင်းရှင်းရေးနှင့် သင်တန်းဌာနတို့ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၂)လသာ၊ မြညီလာခန်းမတွင် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Dec 08,2022
ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉:၃၀)အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြာင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14391
Page
14392
Page
14393
Page
14394
Current page
14395
Page
14396
Page
14397
Page
14398
Page
14399
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department