ဒဂုံ ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ယမန်နေ့နံနက် ၁၀နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာက ကျောင်းသား/ ကျောင်းသူများကို လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများ၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေး၏ အနှစ်သာရများ၊ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့ကြသူများနှင့် ဆောင်ရွက်ခဲ့ပုံများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဒဂုံမြို့နယ်ပြန်/ဆက်ဦးစီးဌာနက ခင်းကျင်းပြသထားသော လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့ကြသူများ၊ ချုပ်ဆိုခဲ့ကြသောစာချုပ်များ၊ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများစသည့် အသိပညာပေးနံရံ ကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော် (ပြန်/ ဆက်)