လသာမြို့နယ်တွင် ရှေးဦးပြုစုခြင်းအကြောင်း သိ‌ကောင်းစရာ‌ဟောပြော လက်တွေ့သရုပ်ပြအသိပညာပေး

လသာ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အခြေခံကျန်း မာရေးအသိပညာများ တိုးပွားလာစေရေးနှင့် ရှေးဦးပြုစုခြင်းများကို သိရှိနားလည်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အန္တရာယ်ကင်းရှင်းရေးနှင့် သင်တန်းဌာနတို့ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၂)လသာ၊ မြညီလာခန်းမတွင် ‌ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြန်မာနိုင်ကြက်ခြေနီအသင်း၊ ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာနမှ သင်တန်းအရာရှိ ဒေါ်ယဉ်ယဉ်မိုးက ရှေးဦးပြုစုခြင်းဆိုင်ရာအချက်များကို ရှင်းလင်းပြောကြားပြီး လသာမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယမြို့နယ် တပ်ဖွဲ့မှူး ဦးပြည်စိုးက ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းအဆင့်ဆင့်အား လက်တွေ့ သရုပ်ပြ ဆောင်ရွက်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ဖြိုးတေဇ (ပြန်/ ဆက်)