ဒိုက်ဦး ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ် ၈ ဒရယ်မီးရပ်ကွက် အလက(ခွဲ)ကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်ဆွေသက်အောင်က အသိပညာဖွံ့ဖြိုးဖို့စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူးဦးမြတ်ဇော်ထွန်းက အားကစား၏အဓိပ္ပါယ်၊ အမျိုးအစားများ၊ အားကစားပြုလုပ်ရခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ အား/ကာသိပ္ပံကျောင်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ Physical Fitness Dance အား ကျောင်းသား/သူများနှင့်စုပေါင်း၍ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)