ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားအသိပညာဗဟုသုတများ တိုးပွားရရှိစေရေးရည်ရွယ်၍ ကျောင်းအခြေပြု စာဖတ် ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၁၁ နာရီက အမှတ် (၁၀) အခြေခံပညာမူလတန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက ကျောင်းသား၊ ကျောင်းသူကလေးများအား စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာပေဖတ်ရှုမှတ်သားမှု နည်းစနစ်အကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူကလေးများ ငယ်စဉ်ကတည်းက လိုက်နာကျင့်သုံးရမည့် ပြည်သူ့နီတိများကို အသိပညာပေးဟောပြောသည်။
ထို့နောက် နယ်လှည့်စာကြည့်တိုက်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား ပညာပေးရုပ်ပြ ကာတွန်းစာအုပ်များကို ဖတ်ရှုစေပြီး၊ အသိပညာပေးအဖြစ် ပြသထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်ကင်းဝေးရေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံ များကို ကျောင်းသား၊ ကျောင်းသူကလေးများက စိတ်ဝင်တစားကြည့်ရှုကြရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများ နားလည် သဘောပေါက်အောင် ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။
ဝေယံ (IPRD)