ကလေး ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဇန်နဝါရီ ၄ ရက်နေ့၌ ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောသောအားဖြင့် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စုပေါင်းရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၈ ရက်နေ့မှစတင်၍ စစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင် အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲများကို အုပ်စုများခွဲ၍ မြို့နယ်စုပေါင်း ရုံးတွင် ကျင်းပခဲ့သည်။
ဆုပေးပွဲအခမ်းနား၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက အားကစားပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော အသင်းများနှင့် ကစားသမားများကို ဆုတံဆိပ်နှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ကလေး(ပြန်/ဆက်)