ကသာ ဒီဇင်ဘာ ၁၁
ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော အစိုးရအဘိဓမ္မာစာမေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် (၆၆)ကြိမ်မြောက် အဘိဓမ္မာ (ဂုဏ်ထူးဆောင်) စာမေးပွဲနှင့်(၆၉)ကြိမ်မြောက် အဘိဓမ္မာ(ရိုးရိုး) စာမေးပွဲများကို တောရကျောင်းတိုက်၌ ယမန်နေ့မွန်တည့်(၁၂)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာမေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) စာမေးပွဲတွင် သံဃာတော်၊ သီလရှင် (၂၂)ပါး၊ အဘိဓမ္မာ (ရိုးရိုး)စာမေးပွဲတွင် သံဃာတော်နှင့် သီလရှင် (၉၇)ပါး၊ စုစုပေါင်း (၁၁၉)ပါး ကြွရောက်ဖြေဆိုးခဲ့သည်။ ဆက်လက်၍ ကသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ အချိုရည်၊ ရေသန့်အာဟာရဒါနများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်စွာ(ကသာ)