မောင်တော ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် မောင်တောခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်း ဦးဆောင်၍အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့် ရှောက်ကြီးကြပ်မှုအဖွဲ့ဝင်များက(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မောင်တောမြို့အတွင်းရှိ မြို့မကျောင်း တိုက်၊ အလိုတော်ပြည့်ကျောင်း၊ ဗဟိုလ်ကျောင်း၊ သန္တိသုခတောရကျောင်း၊ ဝေသာလီကျောင်းများရှိ ကျောင်းထိုင်ဆရာတော်ကြီးများ အား ဖူးမျှော်ကြည်ညိုကာ ဆွမ်းဆန်တော်၊ စားဆီ၊ ခေါက်ဆွဲ၊ ကြက်ဉ၊ လက်ဖက်ရည်ထုတ်များအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)