ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် အသိပညာပေး သင်တန်းပြုလုပ်

နမ့်ဆန် အောက်တိုဘာ ၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအုပ်စု ဇယန်းကြီးရွာမ သမာဓိလယ်ယာနှင့် အထွေထွေစီးပွားရေး လုပ်ငန်း သမဝါယမအသင်းလိမီတက် အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀) နာရီအချိန်က ကရုဏာလူမှု စည်းလုံးညီညွတ်ရေးအသင်း (Karuna Mission Social Soldarity (KMSS)မှ ကလေးသူငယ် ကာကွယ်‌စောင့်ရှောက်ရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် အသိပညာပေးခြင်းသင်တန်း ပြုလုပ်ခဲ့ပါသည်။

ထိုအသိပညာပေး သင်တန်းတွင် စီမံချက်ကွင်းဆင်းချက်အရာရှိ ဦးဟိန်းစိုးက သင်တန်းပြုလုပ် ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားခြင်း၊ အသက်(၁၈)နှစ်အောက် လူသားတိုင်းကို ကလေးသူငယ်သတ်မှတ်ခြင်း၊ ကလေးများအားအကြမ်းဖက်ခြင်း၊ မတောမတရားပြုခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့မှ ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းတို့သည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဖြစ်ကြောင်းနှင့် UNCRC ကလေးသူငယ်များ၏ အခွင့်အရေး (၄) ရပ်ဖြစ်သော (က)အသက်ရှင်သန်ပိုင်ခွင့်၊ (ခ)ဖွံ့ဖြိုးတိုးတက်ခွင့်၊ (ဂ)ကာကွယ် စောင့်ရှောက်ခံပိုင်ခွင့်နှင့်၊ (ဃ)ပူးပေါင်းဆောင်ရွက်ခွင့် စသည့်ကလေးသူငယ် စောင့်ရှောက်ရေး အကြောင်းသိကောင်းစရာများကို အသိပညာပေးခဲ့သည်။

ဆက်လက်၍ သင်တန်းဆရာ/ဆရာမတို့က သင်ခန်းစာအချိန်ဇယားအတိုင်းပြုလုပ်၍ သင်တန်းကို (၆.၁၀.၂၀၂၂)မှ(၇.၁၀.၂၀၂၂)ထိ(၂)ရက် ပြုလုပ်မည်ဖြစ်ပြီး နမ့်ဆန်မြို့နယ် ဇယန်းကြီးရွာမ၊ ဘုရားကြီးကျေးရွာ၊ ပန်မကျုံကျေးရွာမှ စေတနာ့လုပ်အားရှင်(၂၅)ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)