သဲကုန်း အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁ ၊ ၂၀၂၁-၂၀၂၂(Mini) ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်သမဝါယမအသင်းစုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြား၍ သဘာပတိဦးသန်းဝင်း၊ ပဲခူးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမီတက် ကိုယ်စားလှယ်ဦးသိန်းထွဋ်၊ သဲကုန်းမြို့နယ် သမဝါယမဦးစီးဌာနဦစီးအရာရှိ ဦးတင်မောင်စန်းတို့ကအမှာစကား အသီးသီးပြောကြားခဲ့သည်။ ထို့နောက် အမှုဆောင်ဒါရိုက်တာအဖွဲ့ ဦးဇော်ဝင်းက လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကိုဖတ်ကြား၍ နှစ်ချုပ်စာရင်းနှင့် အမြတ်ခွဲဝေစာရင်းကို ရှင်းလင်းခြင်း၊ အသင်းသားစာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခြင်းအတည်ပြုချက်ရယူခြင်နှင့် တက်ရောက်လာသူများက ဆွေးနွေးမေးမြန်း၍ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်၊ပြန်/ဆက်