ရွှေကျင် အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးအငြိမ်းစားဝန်ထမ်းတို့ပူးပေါင်း၍ အောက်တိုဘာ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က အသိပညာပေး(Talk Show)ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ကမ္ဘာ့ဆရာများနေ့နှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ပညာရေးအငြိမ်းစားဝန်ထမ်း ဆရာကြီးဦးသန်းဝင်းက ကမ္ဘာ့ဆရာများနေ့ စတင်သတ်မှတ်ခဲ့ပုံ၊ ကျောင်းဆရာနှင့်ဆရာခွဲခြားသတ်မှတ်ထားရှိမှုများ၊ ဆရာဘဝတွင် ဆရာကျင့်ဝတ်(၅)ပါး၊ နာသုံးနာတို့နှင့်အညီ ခံယူချက်ထားကာ သင်ကြားခဲ့ပုံ၊ ငယ်စဉ်ဘဝ ပညာသင်ယူစဉ်က တပည့်ကျင့်ဝတ်(၅)ပါးနှင့်အညီ လိုက်နာပညာသင်ယူခဲ့ပုံများ၊ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအား လိမ္မာယဥ်ကျေးအောင် သွန်သင်လမ်းညွှန်ဆုံးမပေးခဲ့မှုများ၊ ကလေးတွေကို ပြုစုပျိုးထောင်သည့်အခါ ဆရာ/ဆရာမများ၏ အခန်းကဏ္ဍ၏အရေးပါမှုများ၊ ယနေ့ခေတ်သည် ပညာရေးခေတ်ဖြစ်သည့်အတွက် ပညာရေးကဏ္ဍ၏အရေးပါမှုများ၊ ဆရာကောင်းတစ်ယောက်ဖြစ်ရန် လိုက်နာကျင့်ကြံနေထိုင်ရမည့်အချက်များ၊ လူငယ်များအနေဖြင့် ဆရာဆရာမများအား မပြစ်မှားမိစေရေးနှင့် ကမ္ဘာ့ဆရာများနေ့၌ ရရှိခဲ့သော အမှတ်တရများအကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)