ရွှေတောင်မြို့နယ်တွင် ကုန်စုံဆိုင်များ၌ မူးယစ်ဆေးဝါးပါဝင်သော အစားအသောက်များ ရောင်းချမှုရှိ / မရှိစစ်ဆေး

ရွှေတောင်   အောက်တိုဘာ   ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အခြေခံပညာကျောင်းများနှင့်ကျောင်းပြင်ပ ကုန်စုံဆိုင်များတွင် အိမ်နီးချင်းထိုင်းနိုင်ငံမှတင်သွင်းလာသည့် ဆေးခြောက်ပါဝင်သော အစားအသောက်နှင့်မုန့်မျိုးစုံများရောင်းချမှုရှိ/ မရှိရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းကပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ ရွှေတောင်မြို့မရဲစခန်း ဒုရဲအုပ်အောင်ကျော်ဆန်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦး၊ မြို့နယ်ကျန်းမာရေးမှူး (အဆင့်၁) ဦးကိုကိုကြီး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်နိုင်ဦးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်တို့မှ ရွှေတောင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်စျေးတန်းများနှင့် ကျောင်းပြင်ပကုန်စုံဆိုင်များကို စစ်ဆေးခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)