ပေါင်းတည် အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပျဉ်းပင်ကန်-မဲခေါင်း-ခြောက်လုံးပြူးကျေးရွာများသို့ ရွာစဉ်ရွာဆက် ကျပ်သန်း ၃၇၄.၃၃၀ တန် ကွန်ကရစ်လမ်းခင်းခြင်းကို Asia Boom Co.Ltd ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းအရှည်မှာ ၂ မိုင်ရှိပြီး လမ်း၏အကျယ်မှာ ၁၃ ပေရှိမည်ဖြစ်ကြောင်း ယနေ့အထိအောက်ခံကြမ်းခင်း ကျောက်ခင်းခြင်းလုပ်ငန်းကို အရှည် ၂ ဖာလုံ ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ကျောက်သားခင်းခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာနောက်ဆုံးအပတ်က စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သူရကြီး ( ပြန်/ဆက် )