အမြို့မြို့အနယ်နယ်သတင်းများ

Oct 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က စည်ပင်သာယာရေးဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ၉/၂၀၂၂ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄ နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ် (၁)နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။
Oct 14,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ လေဘေးသင့်မိသားစုများ ထောက်ပံ့မှုဆောင်ရွက်ပေးခြင်းအစီအစဉ်နှင့် ပညာရေးကဏ္ဍ၊ ကလေးသူငယ်စောင့်ရှောက်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းကဏ္ဍ စသည့် ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် World Vision International Myanmar အဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေး မိတ်ဆက်ဆွေးနွေးပွဲကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် (၈)နာရီအချိန် က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
Oct 14,2022
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ
Oct 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်သမားရေးရာ အသိပညာပေး‌ဆွေးနွေးပွဲကို‌ရွှေလင်ပန်းကျေးရွာ ငွေပင်လယ်စက်မှုဇုံတွင် CMP စက်ရုံ Saungl Oo Shwe Nay (GoldenSunshine Co.,Ltd.) စက်ရုံရှိ အလုပ်သမားများကို အလုပ်ရှင်၊ အလုပ်သမား‌အငြင်းပွားမှုလျော့နည်းစေရန်၊ ဥပဒေပါရပိုင်ခွင့်များနှင့် အကျိုးခံစားခွင့်များကို သိရှိနားလည်စေရန်၊ အလုပ်သမားဥပဒေများပါ အလုပ်ရှင်၊ အလုပ်သမားတို့ လိုက်နာရမည့် တာ၀န်၀တ္ထရားများကို ကောင်းစွာသိရှိစေရန် အလုပ်သမားအဖွဲ့တို့က ကျင့်သုံးလျက်ရှိသော အလုပ်သမားဥပဒေပါအကြောင်းအရာများကို သိရှိနားလည်စေရေးနှင့် အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က ကျင်းပလျက်ရှိသည်။
Oct 14,2022
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းကို (၁)နှစ်လျှင် (၈)ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယခု(၄/၂၂-၂၃) သင်တန်းကို စက်တင်ဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့ အထိ သင်ကြားပို့ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် (၄/၂၀၂၂-၂၀၂၃) သင်တန်းဆင်းပွဲကို ပုသိမ်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။