တံတား အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် (၈)နာရီအချိန် က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးရခြင်းမှာ ကလေးသူငယ်များ မသန့်ရှင်းသော အစားအစာစားခြင်း၊ မသန့်ရှင်းသောရေကို သောက်သုံးခြင်း၊ အရည်တစ်နေ့သုံးကြိမ်ထက်ပိုသွားခြင်း၊ ဝမ်းကိုက်ခြင်း၊ ဝမ်းလျှောခြင်း၊ ကာလဝမ်းရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါ အစပိုင်းတွင် ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ဦးနှောက်ရောင်ရောဂါ အတက်လက္ခဏာပြခြင်း၊ သတိမေ့သွားခြင်း၊ ကိုယ်တစ်ပိုင်းသေရောဂါမဖြစ်ပွားရအောင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက တံတားမြို့အတွင်းရှိ မွေးစမှအသက်(၂)နှစ်နှင့် (၉)လမှ အသက် (၁၅)နှစ်အရွယ်ထိ ကလေးလူငယ်စုစုပေါင်း (၂၈၀)ဦးအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ