လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်သမားဥပဒေပါ အကြောင်းအရာများကို သိရှိနားလည်စေရန် အလုပ်သမား‌ရေးရာ အသိပညာပေး‌ ဆွေးနွေးပွဲကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲကိုရွှေလင်ပန်းကျေးရွာ ငွေပင်လယ်စက်မှုဇုံတွင် CMP စက်ရုံ Saungl Oo Shwe Nay (GoldenSunshine Co.,Ltd.) စက်ရုံရှိ အလုပ်သမားများကို အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုလျော့နည်းစေရန်၊ ဥပဒေပါရပိုင်ခွင့်များနှင့် အကျိုးခံစားခွင့်များကို သိရှိနားလည်စေရန်၊ အလုပ်သမားဥပဒေများပါ အလုပ်ရှင်၊ အလုပ်သမားတို့ လိုက်နာရမည့် တာ၀န်၀တ္ထရားများကို ကောင်းစွာသိရှိစေရန် အလုပ်သမားအဖွဲ့တို့က ကျင့်သုံးလျက်ရှိသော အလုပ်သမားဥပဒေပါအကြောင်းအရာများကို သိရှိနားလည်စေရေးနှင့် အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က ကျင်းပလျက်ရှိသည်။

ဆွေးနွေးပွဲတွင် စက်ရုံရှိ အလုပ်သမားများကို အလုပ်ရှင်၊ အလုပ်သမားများ အနေဖြင့် အလုပ်သမားဥပဒေများကို ကောင်းစွာသိရှိနားလည်ပါက အငြင်းပွားမှုလျော့နည်းလာမည်ဖြစ်ပြီး အလုပ်ရှင်များအနေဖြင့်လည်း ဥပဒေပါအကျိုးခံစားခွင့်များကို အပြည့်အ၀ပေးရန် လိုအပ်လျက်ရှိသည်။ အလုပ်သမားအငြင်းပွားမှုဖြစ်ပွားပါက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ပြီး အေးချမ်းသာယာတဲ့ လုပ်ငန်းခွင်ဖြစ်ပြီး ကုန်ထုတ်စွမ်းအားလည်း တိုးတက်လာမည်ဖြစ်၍ အလုပ်သမားများ၏ လူနေမှုဘ၀တိုးတက်လာမည်ဖြစ်ကြောင်းကို အလုပ်သမားရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေး၀င်းမှပြောကြားပြီး အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲသို့ စက်ရုံရှိအလုပ်သမားများက တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)