တန့်ယန်းမြို့နယ် အောင်တော်မူစေတီတော်ကြီးအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်း

တန့်ယန်း အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်ပေါ်တွင် တည်ထားလျှက်ရှိသော ဉာဏ်တော် ၁၀၈ ပေ အမြင့်ရှိ အောင်တော်မူ စေတီတော်မြတ်ကြီးအတွက် အမှတ်(၆) ရပ်ကွက်မှ ပြည်သူများ စုပေါင်းလှူဒါန်းထားသည့် အလှူငွေ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါ ဆက်ကပ်လှူဒါန်းခြင်းတွင် အောင်တော်မူ စေတီ တည်ဆောက်ရေးကော်မတီ သြဝါဒါစရိယ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ (ကိုင်းကုန်းပရိယတ္တိစာသင်တိုက်)ထံ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်နီ မိသားစုနှင့် တာဝန်ရှိ ရပ်မိရပ်ဖတို့က ရပ်ကွက်နေ ပြည်သူများ စုပေါင်းလှူဒါန်းထားသည့် အလှူငွေကျပ် (၅၅၅၅၆၀၀)နှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)