Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တွံတေးမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းများဆောင်ရွက်
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၂/၂၀၂၂)ဖွင့်လှစ်
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၂/၂၀၂၂)ဖွင့်လှစ်ခြင်းကို ယမန်နေ့ကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိုသစ်တွင် အခြေခံစားကုန်(ဆန်)များအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချ
Nov 02,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြို့သစ်မြို့၊ ရွှေလရောင်ကွက်သစ်ရပ်ကွက်၊ စည်ပင်သာယာစျေးအနီး၊ မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ယနေ့နံနက် ၇နာရီက အခြေခံစားကုန်(ဆန်)များအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် စွမ်းရည်ပြည့်ဝသည့် မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်လာစေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ မီးဘေးသင့်မိသားစုဝင်အား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများထောက်ပံ့ပေးအပ်
Nov 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့် မိသားစုဝင်အား ထောက်ပံ့ငွေနှင့် မိသားစုအသုံးအဆောင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွှဲ ၂နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 02,2022
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်၌ ဆောင်းရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ လူငယ်၊ လူရွယ်၊ ကျောင်းသား၊ ကျောင်းသူများ အားကစားကိုလေ့လာခြင်းဖြင့် အားလပ်ရပ်များကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ အားကစားသင်တန်းများမှ ထူးချွန်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ နိုင်ငံတော်အားကစား အဆင့်အတန်းကို တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီး၍ ယနေ့ နံနက် ၇ နာရီအချိန်၌ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်
Nov 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး အသိပညာ တိုးပွားစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14033
Page
14034
Page
14035
Page
14036
Current page
14037
Page
14038
Page
14039
Page
14040
Page
14041
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department