စဉ့်ကိုင်မြို့နယ်တွင် (တစ်နှစ်ခွဲ)အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ

စဉ့်ကိုင် နိုဝင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌  တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို  ယနေ့နံနက် (၉)နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးကြီးကြပ်(၁) ဦးရဲမင်းက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ၀န်ထမ်းများက အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန်၀မ်းပျက်၀မ်းလျှော၊ (ရိုတာ) ၀က်သက်ဂျိုက်သိုး ကာကွယ်ဆေးများကို  အသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံပေးရာတွင် ပုံမှန်ကာကွယ်ဆေး လာရောက်ထိုးနှံသော အသက်တစ်နှစ်ခွဲအောက် ကလေးငယ်(၆၀)ဦးနှင့် ကိုယ်၀န်ဆောင်မိခင် (၁၅)ဦး လာရောက် ထိုးနှံခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးများ လာရောက်ထိုးနှံသည့် မိခင်နှင့်ကလေးများအား ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး  ညွှန်ကြားချက်များနှင့်အညီ အ၀င်တွင် လက်ကို စနစ်တကျ ဆေးစေခြင်း၊  ကိုယ်အပူချိန် တိုင်းတာခြင်းနှင့်  နှာခေါင်းစည်း  (Mask)များ တပ်ဆင်စေပြီး ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျော့မူယာမောင်(ပြန်/ဆက်)