ဘုတ်ပြင်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဘုတ်ပြင်း   နိုဝင်ဘာ    ၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ) နှင့်ပတ်သက်၍ အသိပညာပေးထုတ်ပြန်ချက်များအား အသိ ပညာပေးပိုစတာများစိုက်ထူးခြင်း၊လက်ကမ်းစာစောင်များ အသိညာပေးဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံများနှင့် လူစည်ကားရာနေရာများတွင် အသိပညာဆောင်ရွက်လျက်ရှိသည်။

ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ဌာနဆိုင်ရာများ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက လမ်းဆုံများတွင် ဗီနိုင်းပိုစတာများ စိုက်ထူခြင်း မြို့ပေါ်ရပ်ကွက်များရှိပြည်သူများ၊ လမ်းသွားလာနေသူများအား လက်ကမ်းစာ စောင်များဖြန့်ဝေခြင်းတို့ကို ကျယ်ကျယ်ပြန့် ပြန့်သိရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ မြေစိုက်ပိုစတာနှင့်လက်ကမ်းစာစောင်များတွင် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီးနေသူများ၊ အသက်(၁၀)နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူများနှင့်အသက်(၁၀)နှစ်ပြည့်ပြီးသော်လည်း သတ်မှတ်ထားသည့် အသက်အပိုင်း အခြားအတိုင်း ပြန်လည် လဲလှယ်ကြရန်၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆(အထစ)  တစ်ခု ထက် ပို၍ကိုင်ထားပါက ပြန်လည်အပ်နှံကြရန်၊ ကတ်အပိုများကို သတ်မှတ်ရက်အတွင်း အပ်နှံခြင်းမပြုက  နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများအားပယ်ဖျက်စာရင်း သွင်းမည်အခြေအနေများစသည့်များကို သိရှိနိုင်ရန် အသိပညာပေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)