ရွှေတောင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မကူးစက်နိုင်သော ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းများဆောင်ရွက်

ရွှေတောင် နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား မကူးစက်နိုင်သော ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မကူးစက်နိုင်သော ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းများကို ဆောင်ရွက်ရာတွင် အဓိကအားဖြင့် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါများကို သွေးပေါင်ချိန်ခြင်း၊ ဆီးချိုတိုင်းခြင်း ဆေးပေးခြင်းလုပ်ငန်းကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း ( ပြန်/ ဆက်)