မင်းလှမိတ်သဟာအဖွဲ့၏ (၈)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကျင်းပ

မင်းလှ နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မင်းလှမိတ်သဟာအဖွဲ့၏ (၈)ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါမြတ်ဆရာပူဇော်ပွဲတွင် ၁၉၈၄ ခုနှစ်၊ ၁၉၈၅ ခုနှစ်၊ ၁၉၈၆ ခုနှစ် ကျောင်းသားကျောင်းသူဟောင်းများက မိမိတို့အားသင်ကြားခဲ့သည့်မြတ်ဆရာကြီးဆရာမကြီး(၂၁)ဦးကို တစ်ဦးလျှင် တစ်သိန်းကျပ်စီ ပူဇော်ကန်တော့ခဲ့ကြောင်း၊ ဆရာကြီးဆရာမကြီးကလည်း ဆုံးမဩဝါဒစကားများ ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)