ကမမောင်းမြို့၌ တစ်ပိုင်တစ်နိုင်ဘူးသီးနှင့်ရုံးပတေသီးနှံ  စိုက်ပျိုးတောင်သူများမိသားစုအပိုဝင်ငွေရရှိ

ကမမောင်း နိုဝင်ဘာ ၉

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီးမိသားစုစားဝတ်နေရေးအတွက်အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံဖြစ်သည့် ဘူးသီးနှင့်ရုံးပတေသီးနှံအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာအောင်မြင် ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

စားဖိုဆောင်သီးနှံစိုက်ပျိုးရာတွင်  ဘူးသီးနှင့် ရုံးပတေသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကလည်း အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းလည်း ကောင်းပါသည်။ လက်ရှိမှာဘူးသီးဟာ အလုံး အကြီး/အသေးပေါ်မူတည်ပြီး ငွေကျပ်(၂၀၀၀မှ၂၅၀၀)ခန့်ရောင်းချပြီး ရုံးပတေသီးမှာ တစ်ပိဿာလျှင် ငွေကျပ်(၂၀၀၀)အထိရောင်းချနေရလို့ နေ့စဥ်မိသားစုအပိုဝင်ငွေရရှိပြီး စီးပွားရေးလည်းတွက်ခြေကိုက်သည်ဟု ဟင်းသီ းဟင်းရွက်သီးနှံစိုက်ပျိုးသည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ဘူးသီးနှင့် ရုံးပတေးသီးနှံစိုက်ပျ်ိုးရေးလုပ်ငန်းသည်မည်သည့် မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရာ၌လည်း စိုက်ဘောင်စနစ်ဖြင့်ကျင်းတူးကာတစ်ကျင်းနှင့် တစ်ကျင်း သုံးပေခန့်ခွာ၍ မျိုးစေ့ချစိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး(၃)လအကြာတွင် ရောင်းတန်းဝင်ဘူးသီး နှင့်ရုံးပတေသီးများကို လှိုင်လှိုင်ဆွတ်ခူးရောင်းချရကြောင်း သိရသည်။

တင်တင်လှ(ကမမောင်းပြန်/ဆက်)