ရန်ကုန် နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ မင်းကြီးလမ်းမပေါ်ရှိပြည်သူများကို ဖြန့်ဝေခဲ့သည်။
ဖြန့်ဝေရာတွင် အင်းစိန်မြို့နယ်၊ မင်းကြီးလမ်းမပေါ်ရှိ ကားမှတ်တိုင်များ၊ YBS ကားပေါ်များနှင့် လမ်းသွားလမ်းလာပြည်သူများကို အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုခလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးသန့်ဇင်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၆၉)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးတင်ကို၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နှာခေါင်းစည်း(၃၀ဝဝ)ခုအား အခမဲ့ဖြန့်ဝေခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို( ပြန်/ ဆက်)