အုတ်တွင်း နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်၉နာရီအချိန်က အုတ်တွင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာသီရိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုအလုပ်ရုံဆွေးနွေးပွဲတွင်ကျွဲပွဲ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်ကကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက်သင်တန်းဖွင့်ပွဲ့သို့ ထက်/ လယ်/ မူ ကျောင်းအုပ်ကြီးများ(၁၆၈) ဦးတက်ရောက်ခဲ့သည်။ သင်တန်းကို စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ၊ ပညာရေးဆိုင်ရာလုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ၊ စီမံကိန်းနှင့်စာရင်းအင်းဆိုင်ရာလုပ်ငန်းများ စသည့်ဘာသာ(၅)ခုဖြင့် သင်ကြားပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၉ ရက်မှ ၁၀ ရက်နေ့အထိ နှစ်ရက်တာ နံနက်၉နာရီမှ ညနေ၄နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်ထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ ဆက်)