ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးနိုင်မှု ၆၃၉၄၇၉ ဦးထိုးပေးနိုင်ပြီဖြစ်ကာ Booster ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံပြီးသူ ၇၀၀၀ ဦးထိုးပြီး

ညောင်ဦး နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ  နံနက်ပိုင်းအချိန်ထိ ၆၃၉၄၇၉ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်တို့တွင် သတ်မှတ်စုရပ်နေရာနေရာအသီးသီး၌ကို ဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပြီးသူ ၃၀၄၆၀၀ ဦးထိုးနှံပေးပြီးဖြစ်ကာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု ၃၃၄၈၇၉ ဦးထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ညောင်ဦးခရိုင်တွင် ကိုဗစ်ရောဂါကာကွယ်ဆေး ၆၃၉၄၇၉ ဦးထိုးပေးနိုင်ပြီဖြစ်ကြောင်း ဝေးလံသည့်ဒေသများနှင့် လာရောက်ဆေးထိုးရန်မလွယ်ကူသည့် နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း၊ ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် Booster ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံပြီးသူ ၃၈၀၀ ဦး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် Booster ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၃၅၁၀ ဦးထိုးနှံပေးပြီးဖြစ်ကာ စုစုပေါင်း ၇၀၀၀ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရပြီး ဝေးလံခေါင်ဖျားဒေသများသို့လည်း မိုဘိုင်းအဖွဲ့ဖြင့်လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံက သိရသည်။

ကိုကြေးမုံ