Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချ
Nov 23,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ ရောင်းချခြင်းအား ယနေ့နံနက်၈နာရီ အချိန်မှ စတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် ပဲတီစိမ်းနှင့် နွေစပါး အထွက်နှုန်းကောင်းစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 23,2022
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် ပဲတီစိမ်းနှင့် နွေစပါးအထွက်နှုန်း ကောင်းစေရေး အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ဖုန်းအသုံးပြု၍ ဗီဒီယိုရိုက်ကူးတည်းဖြတ်သင်တန်းဖွင့်လှစ်
Nov 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်များမှ သတင်းရေးသားနေသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများအား ဖုန်းအသုံးပြု၍ ဗီဒီယိုရိုက်ကူးတည်းဖြတ်သင်တန်းကို ယနေ့ နံနက် ၉ နာရီက သရက်ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဖွင့်လှစ် ပို့ချခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့၊ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
Nov 23,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ အသိပညာပေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်းရှိ ပါရဂူခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံပညာအထက်တန်းကျောင်း၊ အထက(ပေါက်ခေါင်း)၌ ကျောင်းတွင်း အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက(ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းတွင်း အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့၌ နှာခေါင်းစည်း mask အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
Nov 23,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရန်ရည်ရွယ်၍ နှာခေါင်းစည်း mask အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာ ယမန်နေ့ နံနက် (၈)နာရီက လူစည်ကားရာနေရာများတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင် Physical Fitness Dance ကိုယ်ကာယလေ့ကျင့်မှုများ ဆောင်ရွက်
Nov 23,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက Physical Fitness Dance ကိုယ်ကာယလေ့ကျင့်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် သံလွင်မြစ်အတွင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းခွဲ ငါးမျိုးစိုက်ထည့်သည့် အခမ်းအနားတက်ရောက်
Nov 23,2022
မွန်ပြည်နယ်အတွင်း ငါးသယံဇာတများ တိုးပွားစေရေး၊ ဒေသတွင်းငါးစားသုံးမှုဖူလုံစေရေးနှင့် ငါးစားသုံးမှုတိုးတက်စေရေးတို့ကို ရည်ရွယ်၍ သဘာဝမြစ်ချောင်း ရေပြင်ကျယ်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇:၃၀) အချိန်တွင် မော်လမြိုင်မြို့ ကမ်းနားလမ်း ဆိပ်ကမ်းသာတံတား၌ သံလွင်မြစ်အတွင်း ငါးသားပေါက် ကောင်ရေ တစ်သိန်းခွဲ ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13893
Page
13894
Page
13895
Page
13896
Current page
13897
Page
13898
Page
13899
Page
13900
Page
13901
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department