စစ်ကိုင်း နိုဝင်ဘာ ၂၃
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ အသိပညာပေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်းရှိ ပါရဂူခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းယူကြရမယ့် မျိုးဆက်သစ်လူငယ်များအတက်ပညာ၊ ဗဟုသုတများ တိုးပွားရရှိလာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန်၊ လိမ္မာယဉ်ကျေးသော ပြောဆို ပြုမူဆက်ဆံမှုများနဲ့ ကျောင်းသား/ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ခင်စွာနှင့် အမြင်ချင်း ဖလှယ်တက်သည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ Grade(11)မှ မောင်ကောင်းချစ်ငြိမ်းက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade(10)မှ မခင်စန္ဒာမျိုးက “ လူငယ်နှင့် မူးယစ်ဆေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade(11)မှ မောင်အောင်ခြိမ့်ဘွားက “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade(11)မှ မသရဖူငြိမ်းက “ လူငယ်နှင့်ဆိုရှယ်မီဒီယာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade(10)မှ မောင်ကောင်းခန့်ထွန်း က “လူငယ်နှင့် ကျန်းမာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး(ငြိမ်း)နှင့် တာဝန်ရှိသူများ၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာ မကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ ကြောင်း သိရသည်။
ဇော်မြင့်နိုင်