ညောင်ဦး နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ ရောင်းချခြင်းအား ယနေ့နံနက်၈နာရီ အချိန်မှ စတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
ညောင်ဦးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံး စားအုန်းဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၄၀၀ ကျပ်နှုန်း ဖြင့်မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေး ညောင်ဦးမြို့၊ နယ်မြေ (၅) သီလရင်စုရပ်၊ ရွှေစည်းခုံဘုရားကြီးမြောက်ဘက်၊ မင်္ဂလာသာစည်ရပ်ကွက်၊ ရွှေစည်းခုံဘုရားကြီး အနောက်ဘက်တို့တွင် စားအုန်းဆီများ Mobile ကား(၂)စီးဖြင့် လိုက်လံရောင်းချလျက်ရှိကြောင်း သိရသည်။ အဆိုပါ Mobile ကားဖြင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ စားအုန်းဆီ ပိဿာချိန် ၁၁၀၀ ပိဿာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ