ဇီးကုန်းမြို့နယ်တွင် ပဲတီစိမ်းနှင့် နွေစပါး အထွက်နှုန်းကောင်းစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဇီးကုန်း နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် ပဲတီစိမ်းနှင့် နွေစပါးအထွက်နှုန်း ကောင်းစေရေး အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြာရာတွင်" မြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေး ကုန်ထုတ်လုပ်မှုများ တိုးတက်ရေးများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပဲတီစိမ်းနှင့် နွေစပါး စိုက်တောင်သူများအား ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး (သွင်းအားစုများ) အချိန်မီရရှိစေရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ တောင်သူများအနေဖြင့် မိမိစိုက်ပျိုးလိုသော သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် ကျိုးပမ်းဆောင်ရွက်ကြရန်၊တောင်သူများလိုအပ်သော မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း"  ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအနေဖြင့် သီးနှံများကို အချိန်မီအချိန်ကိုက် စိုက်ပျိုးကြရန်၊ တောင်သူများလိုအပ်သော မျိုးကောင်း၊ မျိုးသန့်များ ရရှိအောင်နှင့်လိုအပ်သောနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးလျာထားစိုက်ဧက(၆၄၅၇)ဧကရှိကြောင်းနှင့် ပဲတီစိမ်းလျာထားဧက(၁၅၉၉၂)ထားရှိရာတွင် အမှန်တကယ် စိုက်ဧက(၁၈၀၅၅)ဧကအထိ တိုးတက်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)