မက်မန်း နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရန်ရည်ရွယ်၍ နှာခေါင်းစည်း mask အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာ ယမန်နေ့ နံနက် (၈)နာရီက လူစည်ကားရာနေရာများတွင် ကျင်းပသည်။
ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ နှာခေါင်းစည်း mask အခမဲ့ဖြန့်ဝေခြင်းနှင့် ယာဉ် အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းလုပ်ငန်းများကိ စုပေါင်းဆောင်ရွက်ခဲ့ကြ သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို မက်မန်းမြို့၌ အပတ်စဉ် အင်္ဂါနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကလေးသူငယ်များ၊ ကျောင်းသား/သူများ သိရှိလိုက်နာနိုင်ရန် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
စိုင်းရွှေအောင် (ခရိုင်ပြန်/ဆက်)