မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင် Physical Fitness Dance ကိုယ်ကာယလေ့ကျင့်မှုများ ဆောင်ရွက်

မဟာအောင်မြေ နိုဝင်ဘာ  ၂၃

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက Physical Fitness Dance ကိုယ်ကာယလေ့ကျင့်‌မှုများ ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်ကာယလေ့ကျင့်ဆောင်ရွက်ခြင်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်လာစေရန်၊ စိတ်ကြည်လင်ပေါ့ပါးသွက်လက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန်၊ အဆိုပါ အားကစားသည် ငွေကုန်ကြေးကျမရှိဘဲ  လွယ်လင့်တကူ စုပေါင်းလေ့ကျင့်နိုင်သော အားကစားဖြစ်ပြီး ဦးနှောက်နှင့် အာရုံကြော အားကောင်း၍ ကျောင်းသား/သူများ ဉာဏ်ရည်ထက်မြက်လာစေရန် ရည်ရွယ်ချက်ဖြင့် လာရောက် လေ့ကျင့်သင်ကြားပေးကြောင်း အားကစားမှူး ဦးရှီမွန်က ပြောကြားသည်။

အားကစားလေ့ကျင့်ခြင်းကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးရှီမွန်နှင့် အားကစားနည်းပြများ၊အမှတ်(၁၃)အ.ထ.က ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား/သူများ စုစု‌ပေါင်း (၁၃၀) ဦးတို့ တက်ရောက်ပါဝင် လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း