အမြို့မြို့အနယ်နယ်သတင်းများ

Nov 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲကို ယနေ့မန်နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
Nov 29,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ရွေးချယ်ရေး လူတွေ့စစ်ဆေးခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က အ-ထ-က (လဲချား)ကျောင်းတွင် ကျင်းပခဲ့ပါသည်။
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပညာရေးဌာနမှ လမ်းညွန်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အချိန်ပိုသင်ကြားပေးခြင်းကို သက်ဆိုင်ရာအခြေခံပညာအထက်တန်းကျောင်းများ၌ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
Nov 29,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၊ အလယ်တန်းကျောင်းနှင့် အလယ်တန်းကျောင်း(ခွဲ)များတွင် မြို့နယ်အဆင့် လူရည်ခွန်ရွေးချယ် ရေးဖြေစာမေး ပွဲ ဒုတိယနေ့ကို ယနေ့နံနက် (၁၀)နာရီက တံတားဦးမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ကျင်းပကြောင်းသိရသည်။
Nov 29,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ်၊ လူကောင်း လူတော်ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ အ.ထ.က (၁) ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ် အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရန်အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်ကကျင်းပရာ ပထမ‌နေ့တွင် မြန်မာစာ၊ အင်္ဂလိပ် စာဘာသာရပ်များအား မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ Grade9/ Grade10/ Grade11 အတန်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၃၃) ဦး ပါဝင်ယှဉ်ပြိုင်ဖြေဆိုကြကြောင်း သိရသည်။
Nov 29,2022
ရန်ကုန်မြို့မှ ပါမောက္ခဌာနမှူး (ငြိမ်း) သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာစောကလယ်ခူ  ဦးဆောင်သည့်အထူးကု ဆရာဝန်ကြီးများအဖွဲ့သည် ယနေ့နံနက် ၈ နာရီခန့်က လေကြောင်းခရီးဖြင့် သံတွဲမြို့သို့ရောက်ရှိပြီး ခရိုင်ကုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံကြီး၌ သားဖွားမီးယပ်နှင့် ပတ်သက်သောလူနာများအား အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Nov 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မီးဘေးအန္တရာယ်မကျရောက်စေရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၅ နာရီက ပန်းတောင်းမြို့နယ် မီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူးဦးကိုကိုဝေဟိန်းဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 29,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် ချေးငွေအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။