ခရမ်း နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲကို ယနေ့မန်နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ထိုသို့ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား ဝင်ရောက်ဖြေဆိုကြရာတွင် ပထမနေ့၌ ရေးဖြေစစ်ဆေးမှုကို မြို့နယ်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၇၅)ဦးတို့က မြန်မာစာနှင့်အင်္ဂလိပ်စာဘာသာရပ်အား ဝင်ရောက်ဖြေဆိုခဲ့ပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာ(၂၉)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးမှုအား အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ နိုဝင်ဘာ (၃၀) ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ခရမ်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်မြိုနယ် အားကစားခန်းမနှင့် ဘောလုံးကွင်းတွင်လည်းကောင်း ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ (မြို့နယ်အဆင့်) ကို အဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူ (၃၆) ဦး၊ ဒဿမတန်းကျောင်းသား၊ ကျောင်းသူ (၂၀) ဦးနှင့် ဧကာဒဿမတန်း ကျောင်းသား၊ ကျောင်းသူ (၁၉) ဦး၊ စုစုပေါင်း (၇၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုမင်း (ခရမ်း)