ပန်းတောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ပန်းတောင်း နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မီးဘေးအန္တရာယ်မကျရောက်စေရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၅ နာရီက ပန်းတောင်းမြို့နယ် မီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူးဦးကိုကိုဝေဟိန်းဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ထားရှိရန်၊ မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာရုံး အဆောက်အဦများ၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ထားရှိအပ်သော ရှေးဦးမီးငြိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ‌ရေအိတ်၊ မီးသတ်ဆေးဘူးများအား အသင့်တပ်ဆင်ထားရှိကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားကြရန်စသည့်ပြည်သူများ သိရှိလိုက်နာရမည့်စည်းကမ်းချက်များအား မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့်လှည့်လည်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

သင်းသင်းအေး(ပြန်/ဆက်)