လဲချား နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ရွေးချယ်ရေး လူတွေ့စစ်ဆေးခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က အ-ထ-က (လဲချား)ကျောင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ လူရည်ချွန်ရွေးချယ်ရေး လူတွေ့စစ်ဆေးရာတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မြမြစန်းမှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ဝင်းထွန်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများမှ မြို့နယ်အဆင့် လူရည်ချွန်ပြိုင်မည့် (Grade-9)၊ (Grade-10)၊ (Grade-11)တို့မှ ကျောင်းသား/သူ စုစုပေါင်း (၁၀)ဦးအား လူတွေ့မေးမြန်းစစ်ဆေးခြင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန်/ဆက်)