သုံးခွ နို၀င်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ်၊ လူကောင်း လူတော်ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ အ.ထ.က (၁) ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရန်အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်ကကျင်းပရာ ပထမနေ့တွင် မြန်မာစာ၊ အင်္ဂလိပ် စာဘာသာရပ်များအား မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ Grade9/ Grade10/ Grade11 အတန်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၃၃) ဦး ပါဝင်ယှဉ်ပြိုင်ဖြေဆိုကြကြောင်း သိရသည်။
ယနေ့နံနက် ၉ နာရီအချိန်တွင် အထွေထွေဗဟုသုတနှင့် နှုတ်ဖြေမေးခွန်းများ ဖြေဆိုကြရမည်ဖြစ်ပြီး နိုဝင်ဘာ (၃၀) ရက် နံနက် ၇ နာရီအချိန်တွင် ကိုယ်ခန္ဓာကြံ့ခိုင်ရေး စွမ်းရည်စစ်ဆေးခြင်းကို အမှတ်(၉)ရပ်ကွက် ဘုရင့်နောင် အားကစားကွင်းတွင် ပြုလုပ်မည်ဟုသိရသည်။ စာမေးပွဲဖြေဆိုရာသို့ သန်လျင်ခရိုင် ပညာရေးမှူရုံးမှ ဦးစီးအရာရှိနှစ်ဦးနှင့် တာဝန်ခံမြိုနယ်ပညာရေးမှူး ဒေါ်ဆွေဆွေဝင်း တို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အရည်ချင်းစစ်ဖြေဆိုအောင်မြင်သူများကို ခရိုင်အဆင့်တွင် ဆက်လက်ဖြေဆို ကြရမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း