တံတားဦး အောက်တိုဘာ ၂၉
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၊ အလယ်တန်းကျောင်းနှင့် အလယ်တန်းကျောင်း(ခွဲ)များတွင် မြို့နယ်အဆင့် လူရည်ခွန်ရွေးချယ် ရေးဖြေစာမေး ပွဲ ဒုတိယနေ့ကို ယနေ့နံနက် (၁၀)နာရီက တံတားဦးမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ကျင်းပကြောင်းသိရသည်။
အဆိုပါ လူရည်ချွန်ရွေးချယ်ရေးတွင် ကျောင်းသား/သူများ ရွေးချယ်ရေးအတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း စည်းမျဉ်းစည်းကမ်းများ၊ ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်တို့နှင့်အညီ တာဝန်ရှိသူ ကော်မတီအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ပေးပြီး လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ(မြို့နယ်အဆင့်)ကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ ကိုယ် ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းတို့ကို ယနေ့နေ့လည်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပြီး နိုဝင်ဘာ (၃၀)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုကို မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဆွေဦးထံမှသိရသည်။
အဆိုပါ လူရည်ချွန်ရေးချယ်ပွဲ (မြို့နယ်အဆင့်)တွင် Grade-9 မှ ကျောင်းသား/သူ(၆၁)ဦး၊ Grade-10၊ မှ ကျောင်းသား/သူ(၃၂)ဦး၊ Grade-11 မှ ကျောင်းသား/သူ(၃၀)ဦး စုစုပေါင်း(၁၂၃) ဦး ပါဝင်ယှဉ်ပြိုင်ကြ ကြောင်းသိရသည်။
ဦးရဲတင့်( ပြန်/ဆက်)