မင်းလှ နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပညာရေးဌာနမှ လမ်းညွန်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အချိန်ပိုသင်ကြားပေးခြင်းကို သက်ဆိုင်ရာအခြေခံပညာအထက်တန်းကျောင်းများ၌ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
အဆိုပါ အချိန်ပိုသင်ကြားပေးခြင်းကို အ.ထ.ကမင်းလှ(မြို့ပြင်)၊ အ.ထ.ကစိန်ကန့်လန့်၊ အ.ထ.ကသရက်တပင်၊ အ.ထ.ကရေကျော်၊ အ.ထ.က(ခွဲ)ထန်းပင်ကုန်း၊ အ.ထ.က(ခွဲ)ကညင်ပင်ကျောင်းတို့၌ အောက်တိုဘာလမှစတင်သင် ကြားခဲ့ကြောင်း၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းဖွင့်ရက်များတွင် နံနက် ၈ နာရီမှ ၈ နာရီ ၄၅ မိနစ်ထိ(အချိန်ပိုသင်ကြားခြင်း)၊ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှ ၁၂ နာရီ ၅၀ မိနစ်ချိန်ထိအုပ်ထိန်းသူစနစ်ဖြင့် စာကျက်စာပြန်ပြုလုပ်ခြင်း၊ နေ့လယ် ၃ နာရီ ၁၅မိနစ်မှညနေ ၄ နာရီချိန်ထိ (အချိန်ပိုသင်ကြားခြင်း)တို့အပြင် စနေကျောင်းပိတ်ရက်တွင်လည်း အချိန်ပိုသင်ကြားခြင်းဖြင့်ဘာသာရပ်များအလိုက်သင်ကြားပေးလျက်ရှိသည်။
မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အတွင်းဖြေ(၉၈)ဦး၊ အပြင်ဖြေ(၂၉၀)ဦးစုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၃၈၈)ဦး လျောက်လွှာတင်ထားကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါက်စ(မင်းလှ)