ဒဂုံအရှေ့ နိုဝင်ဘာ ၂၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ဖွင့်လှစ်သော ၂၀၂၂ ခုနှစ် Aerobic & Fitness Dance အားကစားနည်းသင်တန်းဆင်းပွဲကို မြို့နယ်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာသင်တန်းဆင်းပွဲတွင် မြို့နယ်ပညာရေးမှူးဒေါ်ထူးထူးလွင်က သင်တန်းဆင်းအမှာစကားအဖြစ် ကျောင်းသား၊ ကျောင်းများအား ကျောင်းစာသာမက အားကစားဆိုင်ရာလေ့ကျင့်ခန်းများအား ဆောင်ရွက်မှသာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ခင်ဆွေအေးက အ.ထ.က(၄)ကျောင်း၌ Aerobic & Fitness Dance အားကစားနည်းသင်တန်းဖွင့်လှစ်ပေးခဲ့သည့်ရည်ရွယ်ချက်အဖြစ် သင်တန်းမှသင်ကြားပေးသော အားကစားဆိုင်ရာလေ့ကျင့်ခန်းများအား ရေရှည်အသုံးပြု၍ ကိုယ်လက်ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် အ.ထ.က(၄)ကျောင်းအုပ်ဆရာမကြီဒေါ်စန္ဒာအုံးက မိမိတို့ကျောင်းသား/သူများအတွက် ယခုလိုသင်တန်းအား(အခမဲ့)လာရောက်ဖွင့်လှစ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ကျောင်သား၊ ကျောင်းသူများက Aerobic & Fitness Dance များ၊ မာဂဓီသာစည်ဘုန်းတော်ကြီးသင်ပညာကျောင်းမှကျောင်းသား၊ ကျောင်းသူများက မြန်မာ့သိုင်းအားကစားနည်းများဖြင့် သရုပ်ပြသပေးခဲ့ရာ မြို့နယ်ပညာရေးမှူးနှင မြို့နယ်အားကစားမှူး၊ အထက(၄)ကျောင်းအုပ်ဆရာမကြီးတို့မှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်းနှင့်သင်တန်း၌ သင်ကြားပေးသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်နည်းပြများအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် တာဝန်ရှိသူများမှ သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ရာ သင်တန်းသား/သူများကိုယ်စားသင်တန်းသား/သူ(၂)ဦးက လက်ခံရခဲ့ကြသည်။
အဆိုပါ Aerobic & Fitness Dance အားကစားနည်းသင်တန်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သင်တန်းကာလ ၂၀၂၂ ခုနှစ်အောက်တိုဘာ(၂၆)ရက်မှ နိုဝင်ဘာ(၂၅)အထိ တစ်လကြာ အခမဲ့ဖွင့်လှစ်ကာ အထက(၄)ကျောင်းသား/သူ(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)