ကြံခင်း နိဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ခုနှစ် လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား(၂၆)ဦးအား မီးဖွားခွင့်၊ မီးဖွားစရိတ်၊ ခရီးစရိတ်နှင့် နာရေးစရိတ်များကို ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ် လူမှုဖူလုံရေးရုံးတွင် ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်လူမှုဖူလုံရေး ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးနိုင်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး အကျိုးခံစားခွင့်များနှင့် ပတ်သက်သည့် အချက်များအား ရှင်းလင်းပြောကြားပြီးနောက် အာမခံအလုပ်သမား(၂၆)ဦးအတွက် ငွေကျပ် (၄၃၆၄၃၈၀/-) ကို မြို့နယ်လူမှုဖူလုံရေး ဦးစီးအရာရှိက အကျိုးခံစားခွင့်ရ အလုပ်သမားများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)